Friday, September 30, 2011
Fwd: မှားပို့မိတဲ့ စာတိုလေးအကြောင်း......
HLA
---------- Forwarded message ----------
From: koko gyi38 <hmhm528@gmail.com>
Date: 2011/9/30
Subject: Re: မှားပို့မိတဲ့ စာတိုလေးအကြောင်း......
To: "MOH (မို့မို့)" <mohmohzinmar@gmail.com>
HLA
2011/9/30 MOH (မို့မို့) <mohmohzinmar@gmail.com>
မှားပို့မိတဲ့ စာတိုလေးအကြောင်း.................
    လွန်ခဲ့တဲ့နှစ်အတော်ကြာက သူတို့နှစ်ယောက်ချစ်ကြိုက်နေတဲ့ အချိန်ကပေါ့....
    ဟမ်းဖုန်းဝယ်လာတဲ့ ပထမတစ်နေ့မှာ ဆန့်ကျင်ဖက်ဘတ်စ်ကားပေါ်မှာ သူတို့လိုက်ပါရင် သူမ ဆီကနေ "နင့်ကိုလွမ်းတယ်"ဆိုတဲ့ စာတိုလေးတစ်ကြောင်းကို သူရလိုက်တယ်။ ဒါဟာ သူတို့နှစ်ယောက်ကြားက စာတိုတွေအပြန်အလှန်ပို့တဲ့ ပထမဆုံးအကြိမ်ပေါ့။ ကာလအတော်ကြာတဲ့အထိ အဲဒီစာတိုလေးကို သူ မဖျက်ရက်ခဲ့ဘူး။
    အဲဒီတုန်းက သူတို့ဟာ ဒီမြို့ရဲ့အရှေ့အနောက်အရပ်ဆီမှာ ခွဲနေကြရသူတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်နည်းခဲ့တဲ့ သူတို့နှစ်ယောက်အတွက် ဟမ်းဖုန်းကနေပို့တဲ့ စာတိုလေးက သူတို့ရဲ့ လွမ်းစာ၊ ချစ်စာတွေဖြစ်ခဲ့ကြတယ်။ တစ်ညနေမှာ စကားတွေပြောကြဖို့ သူတို့အချိန်ချိန်းခဲ့တယ်။ သူမဆီကို သူစာတိုတွေ သုံးလေးခေါက်ပို့ခဲ့လည်း သူမဆီက ပြန်စာမရခဲ့ဘူး။ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ သူ စိတ်ပူမိတယ်။ အဝတ်အစားကောက်လဲပြီး ချက်ချင်းပဲ သူမနေတဲ့နေရာဆီ သူသွားခဲ့တယ်။ ဖြစ်ချင်တော့ သူမက အဝတ်လျှော်နေတဲ့အချိန် ရေသံကြောင်း သူ့ရဲ့အချစ်သံလေးကို သူမ မကြားခဲ့တာဖြစ်တယ်။ သူ့ရဲ့စိုးရိမ်စိတ်က သူမကို မျက်ရည်ဝဲစေတဲ့အထိ ခံစားစေခဲ့တယ်။
    သိပ်မကြာပါဘူး.. သူတို့ လက်ထပ်လိုက်ကြတယ်။
    ဖုန်းနဲ့ စာတိုလေးတွေ အပြန်အလှန် သူတို့ပို့နေကြတုန်းပဲ။ ဒါပေမဲ့ စာအများက ရိုးရိုးရှင်းရှင်းတွေပဲဖြစ်တယ်။
    "ဘယ်မှာလဲ?" .... "ကားစောင့်နေတယ်"
    "ဘယ်အချိန် အိမ်ရောက်မလဲ?"........... "နောက် ဆယ်မိနစ်"
    တကယ်တော့ သူဟမ်းဖုန်းထဲမှာ တခြားကပို့လာတဲ့ စာတိုတွေက ပိုများခဲ့တယ်။ စာတိုတွေများလာတာနဲ့အမျှ သူမ ပို့တဲ့စာတိုကို သူအရင်ဆုံး ဖျက်ပစ်တတ်တယ်။
    သူတို့ရဲ့ အိမ်ထောက်သက်လေး (၈)နှစ်ပြည့်ခဲ့ပါပြီ။ အချိန်ကြာလာတာနဲ့အမျှ အချစ်ဆိုတဲ့အရာက တဖြေးဖြေးပါးလျားလာပြီး မျက်စိနဲ့တောင် မမြင်နိုင်ခဲ့တော့ဘူးလို့ သူထင်ခဲ့တယ်။ အဲဒီအချိန်မှာ "မေ"ဆိုတဲ့ အမျိုးသမီးတစ်ယောက် သူ့ဘဝထဲကို အချိန်ကိုက်ဝင်ရောက်လာခဲ့တယ်။ သူနဲ့မေက သဘာဝကျကျ ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်။
    တစ်ညမှာ သူနဲ့မေ တည်းခိုခန်းတစ်ခုမှာတွေ့ဖို့ ချိန်းခဲ့ကြတယ်။ သူ ဘာအားစိုက်စရာမှမလိုဘဲ မေက လိုက်လိုက်လျောလျော လက်ခံခဲ့တယ်။ ညတဖြေးဖြေး နက်လာခဲ့တယ်။ အားရကျေနပ်စွာနဲ့ တည်းခိုခန်းဖက် သူကားမောင်းလာခဲ့တယ်။ အဲဒီမှာ အတွေးတစ်ခုက ရုတ်တရက် သူ့ခေါင်းထဲရောက်လာခဲ့တယ်။ မေ သူ့ကို တကယ်ချစ်မချစ် သူစမ်းကြည့်ချင်လာတယ်။ အဲဒီလိုနဲ့ ကားရပ်ပြီး မေ့ဆီ သူစာတိုလေးတစ်ကြောင်း ရေးပို့လိုက်တယ်။
    "မောင်ကားအက်ဆီဒင့်ဖြစ်လို့ xxx လမ်းဝကို အမြန်လာခဲ့ပါ"
    အချိန်တော်တော်ကြာတဲ့အထိ မေဆီက ဘာပြန်စာမှမရတော့ သူ နောက်တစ်ကြိမ်ထပ်ပို့လိုက်တယ်။ ဘာပြန်စာမှ မရခဲ့ပါဘူး။ ဒါကို သူကစိတ်တိုတိုနဲ့ ကားမောင်းထွက်ဖို့ ပြင်တယ်။ အဲဒီအချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ကားဘရိတ်အုပ်သံကို သူကြားလိုက်တယ်။ ကားတစ်စီးသူ့ဘေးမှာ ထိုးရပ်ပြီး ကားပေါ်ကနေ အဝတ်အစားပိုသီပတ်သီဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် အမြန်ဆင်းလာတယ်။ အမျိုးသမီးကို သူသေချာကြည့်လိုက်တော့ သူ့ အမျိုးသမီးဖြစ်နေတယ်။ ဖုန်းကို သူအမြန်ကြည့်လိုက်မိတယ်။ တကယ်တော့ မေ့ဆီပို့မယ့် ဒုတိယစာတိုကို သူ့အမျိုးသမီးဆီ မှားပို့လိုက်မိတာဖြစ်တယ်။
    သူ့ကားမှန်ကို သူမ ခပ်ပြင်းပြင်းခေါက်ပြီးမေးတယ်။
    "မောင်... မောင် ဘာဖြစ်သွားသေးလဲ?"
    "ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ ထိမိရုံလေးပါ"
ူပြောပြောဆိုဆို စိုးရိမ်ပူပန်နေတဲ့သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး တင်းတင်းလေး ပွေ့ထားလိုက်မိတယ်။
    "မိုင်ပေါင်းထောင်ချီဝေးလည်း သင့်ကိုချစ်တဲ့သူက သင့်နဲ့အနီးဆုံးမှာ အမြဲရှိနေပါတယ်၊ နီးနီးကပ်ကပ်ရှိနေလည်း သင့်ကိုမချစ်တဲ့သူက သင့်နဲ့အဝေးဆုံးမှာ ရှိနေပါတယ်" ဆိုတဲ့စကားကို သူကြားယောင်လိုက်မိတော့တယ်။
    --
    ခံစားတဲ့ စိတ်ထက် တွေးခေါ်တဲ့စိတ်ကို ပိုလက်ခံပါ ။
    ထိုင်းမှိုင်းတဲ့ စိတ်နဲ့ ထက်မြက်တဲ့စိတ် ကွဲပြားသွားပါလိမ့်မည် ။
    ----
    အပေါ်စာနှစ်ကြောင်းက ငါ့ကိုတော့ ပိုတွေးစေတယ်.....
    စိတ်ကောင်းရှိတဲ့သူတွေကို လမ်းမကွေ့ကောက်အောင် ပိုပြီး ပို့ပေးစေလိမ့်မယ်ထင်တယ်။
    Sunday, September 25, 2011
    Re: မိတ်ဆွေကောင်း(ဖတ်ဖြစ်အောင်ဖတ်ပါ)
    crazy cat captured by a crazy camera.        hlamyaing
    HLA
    2011/9/26 MOH (မို့မို့) <mohmohzinmar@gmail.com>
    အရင်တုန်းက အင်္ဂလိပ်လို ဖတ်ပြီးဖြစ်ပါတယ်......သို့ပေမဲ့ မြန်မာလို
    မေးလ်ထပ်မံရောက်ရှိလာတဲ့အတွက်
    မိတ်ဆွေကောင်းများကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်...
    မို့
    *မိတ်ဆွေကောင်း(ဖတ်ဖြစ်အောင်ဖတ်ပါ)*
    သူငယ်ချင်းတို့ရေ ....
    ဒီစာလေး ဖတ်ပေးပါအုံး .... သိပ်ကောင်းတဲ့ စာလေးပါ....
    ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့ ပျောက်ခဲ့မယ်ဆိုရင်
    ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ။
    ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့။
    တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါ
    တော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ
    သွားရိုက်ချေကွာတဲ့။
    အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
    သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
    သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
    ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
    ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
    အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
    ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ် အဖေရေ... သားတော့ စိတ်ကို
    ထိန်းနိုင်သွားပြီဗျ..
    အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း ဒေါသမဖြစ်အောင်
    တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နှုတ်ဦးကွာ။
    တနေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့ နှုတ်နော်လို့
    မှာလိုက်သတဲ့။
    ကောင်လေးက သူအဖေကို ပြောနိုင်သွားတယ်။
    အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး သွားပြီ တစ်ချောင်းမှ
    မကျန်တော့ဘူး။
    သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို ခေါ်သွား
    တယ်။တော်တယ်ငါ့သား လို့လည်းဆိုတယ်။
    ဒါပေမယ့် သား သေချာကြည့်စမ်း။ ၀င်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။
    ဒီဝင်းထရံတိုင်တွေက အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ
    သားမြင်တယ် မဟုတ်လား။ အေး သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
    တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
    သားရယ်။
    အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
    ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
    သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
    မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
    တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။
    သူတို့ဟာ ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။
    အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို
    ဂရုစိုက်နားထောင်ပေးတယ်။ ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။
    သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
    ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
    သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
    ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။
    ဒါကြောင့်ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ်
    သတ်မှတ်ထားတဲ့သူတွေဆီကို ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး
    ဒီစာလေးကို ပို့လိုက်တဲ့သူဆီ ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။
    ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ ပြန်ရောက်လာရင် ကိုယ့်မှာ
    မိတ်ဆွေကောင်းတွေရှိနေတာကို အလိုလိုခံစားနိုင်မှာပါ။
    (မေးမှ ရသော စာကို ပြန်လည် မျှဝေပါသည်)
    Saturday, September 17, 2011
    Join Multiply
    Check out my Multiply site
    I set up a Multiply site with my pictures, videos and blog and I want
    to add you as my friend so you can see it. First, you need to join
    Multiply! Once you join, you can also create your own site and share
    anything you want, with anyone you want.
    Here's the link:
    http://multiply.com/si/44IbLSVQrS8hTdSK9ysCXw
    Thanks,
    hlamyaing
    Stop e-mails, view our privacy policy, or report abuse:
    http://multiply.com/bl/44IbLSVQrS8hTdSK9ysCXw
    We haven't added your email address to any lists, nor will we share it
    with anyone at any time.
    Copyright 2011 Multiply
    6001 Park of Commerce Blvd, Boca Raton, FL